လှိုင်မြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

လှိုင်  ဩဂုတ်  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသားလူငယ်တစ်ရပ်လုံး ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုအလေ့အထများ ဖြစ်ပေါ်လာစေရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍  ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်အဖြစ် အာဟာရမျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၃၀) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးစိန်လင်းမှ ကျောင်းကျန်းမာရေး သီတင်းပတ်  အထိမ်းအမှတ်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများအဖြစ် ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ငှားရမ်းပေးမှု၊ အားကစားဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် ကာယချိန်များတွင် အားကစားနည်းများနှင့် အခြေခံကွန်ပျူတာသင်ကြားပေးမှု လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများအား ဦးစွာ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကျန်းမာရေးမှူး ဒေါ်နန့်မီမီသိန်း က တစ်ကိုယ်ရေ သန့်ရှင်းရေး အလေးထားဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာ စားသုံးရေးအတွက် အစာနှင့်အာဟာရအမျိုးအစားများ၊ အာဟာရချို့တဲ့မှု မဖြစ်စေရေး နည်းလမ်းများ၊ အခြေခံစားသုံးရမည့် အစားအစာများကို ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး ဆွေးနွေးခြင်း၊ အာဟာရမျှတစွာ စားသုံးရန် အစာအဟာရ ()အုပ်စုအား မျှတစွာ စားသုံးရေး ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခြင်းများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)