ကျိုင်းတုံမြို့နယ်တွင် ဝါတွင်း ၃လကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ကျိုင်းတုံ သြဂုတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်း ၃ လကာလအတွင်း  စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပသည်။

စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကျိုင်းတုံမြို့ပေါ်ရှိ သံဃာတော် ၂၀၀ ပါးတို့အား တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း၊  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက လောင်းလှူကြသည်။

ကျိုင်းတုံမြို့၌ ဝါတွင်း ၃ လကာလအတွင်း   စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခြင်းကို မဟာမြတ်မုနိ ဘုရားကြီးတွင် (၆) ကြိမ်၊ ရပ်တော်မူဘုရားကြီးတွင် (၅) ကြိမ်၊ စုစုပေါင်း (၁၁)ကြိမ်ထိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဝါတွင်း ၃ လကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိန်သန်း(ပြန်/ဆက်)