မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံ

မြောက်ဥက္ကလာ  ဩဂုတ်  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (:၀၀) နာရီမှ နေ့လယ်()နာရီအထိ အမှတ်()ရပ်ကွက်ရှိ မယ်လမုရားဝန်းအတွင်းရှိ ဆေးထိုးစု ရပ်စင်တနှင့်အခြေခံပညာကျောင်းများတွင် ထပ်ဆောင်းကာကွယ်ဆေး Booster (Cinovac) Sinopharm နှင့် Covaxin ကာကွယ်ဆေးများ သတ်မှတ်အလိုက် ထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးအောင်လောဟာ၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းများမှ ပြည်သူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ/မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်း ရှိ/မရှိ စနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့များခွဲ၍ ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား ဆေးတစ်ကြိမ် မှမထိုးနှံရသေးသူများအား ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးပြီး ရာနှုန်းပြည့်လွှမ်းခြုံမှုရှိစေရန် ဦးတည်အုပ်စုအလိုက်  ထပ်ဆောင်းကာကွယ်ဆေး (Booster Sinovac) ထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

လှလှထွေး