မိုင်းယောင်းမြို့နယ် မှတ်ပုံတင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းယောင်း ဩဂုတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့က မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက မြို့နယ်မှတ်ပုံတင် ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ဖြူစင်မိုင်းယောင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်းအား တည်ဆဲဥပဒေများ နှင့်အညီ စိစစ်ပြီးဖြစ်၍ အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင်လက်မှတ် ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ဖတ္တူကျေးရွာတွင် ထုံးထုတ်လုပ်ရန် ဓာတ်သတ္တုလိုင်စင်အသစ် လျှောက်ထားသည့်နေရာအား လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း