ဓနုဖြူ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြည်သူများအနေဖြင့် မိုးရာသီသို့ရောက်ရှိလာပြီဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ရေလမ်းခရီးဖြင့် သွားလာနေကြသော မိဘပြည်သူများအနေဖြင့် Life Jacket စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန်အတွက် ယမန်နေ့မွန်းတည့် (၁၂)နာရီအချိန်တွင် ဆကာကြီးကမ်းနားဆိပ်၌ အသိပညာပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမီးသတ်ဦးစီးမှူး ဦးနောင်နောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ ဧရာဝတီမြစ်အတွင်း သွားလာပြေးဆွဲနေသော ရေယာဥ်များ၊ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရေလမ်းခရီးသွား ပြည်သူများအား အသက်ကယ်ဝတ်စုံ (Lifejacket) များ ဝတ်ဆင်ပုံနှင့် အသက်ကယ်ဘောကွင်းများ ပါရှိမှုရှိ/မရှိအား လိုက်လံစစ်ဆေး အသိပညာပေးခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)