သတင်းများ

မိုးနဲမြို့နယ် နမ့်စလိုင်အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ‌စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်
Aug 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်စလိုင်အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ မိုးစပါး ၇၃၃၄ ဧက စိုက်ပျိုးပြီးစီး
Aug 13,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ်တွင် ဒေသတွင်းဆန်စပါးဖူလုံစေရေးအတွက် မိုးစပါးစိုက်ပျိုးရန် ၁၀၂၀၀ ဧက လျာထားခဲ့ရာ ယနေ့ထိ ၇၃၃၄ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်
Aug 13,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် ၁ အလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခတ်မြို့ Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Women Club) မှ စာဖတ်ဝိုင်းပြုလုပ်
Aug 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Women Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်
Aug 13,2025
‎ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖြူးမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြော၍ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်
Aug 13,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ အသိ ပညာဗဟုသုတများရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က စတင်ကာ အ.လ.က(ခွဲ)တပ်တွင်းကျောင်းနှင့် အ.လ.က(ခွဲ)ထန်းကုန်းကျောင်းများ၌ ဌာနဆိုင်ရာများပူးပေါင်းပြီး အသိပညာပေးဟောပြော၍ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ဒုတိယအကြိမ်၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Aug 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့် ရာသီဥတုမျှတစေရန် ရည်ရွယ်ပြီး  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက မောက်မယ်−ရွာသစ်သွားလမ်း (မြို့ရှောင်လမ်း)ဘေး ဝဲ/ယာ ၌ ဒုတိယအကြိမ် ၂၀၂၅ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၌ မော်‌တော်ယာဉ်များ စစ်‌ဆေးခြင်းအား စဉ်ဆက်မပျက်ဆောင်ရွက်
Aug 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ် မော်တော်ယာဉ်များ၊ ယာဉ်နံပါတ်အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် လိုင်စင်မဲ့မော်‌တော်ယဉ်များစစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။