ညောင်တုန်း မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း လှိုင်ပညာအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်းနှင့် ဆရာ/ဆရာမများသည်လည်း ကျောင်းသား/ကျောင်းသူများအား စနစ်တကျ ကြိုးစားအားထုတ် သင်ကြားပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးထွန်းမြင့်က ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ကျောင်းအပ်နှံရေး ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းစိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူနှင့် ကျောင်းအုပ်ဆရာကြီးများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံတော်မှ(အခမဲ့) ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား/ကျောင်းသူများထံ ပေးအပ်ခြင်းနှင့် သဘာဝဘေးသင့် ကျောင်းသား/ကျောင်းသူများအတွက် စာရေးကိရိယာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ပြီးမြောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)