ပုလော မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်ငွေများ ထုတ်ပေး

ပုလော မတ်လ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ ၂၀၂၂ ခုနှစ်၊ မတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရပါသည်။      

ပုလောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင် ပင်စင်လစာထုတ်ယူရန် အငြိမ်းစားဝန်ထမ်းပေါင်း(၇၄၆)ဦး ရှိပြီး၊  ဘဏ်ဖွင့်ရက်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၊ ထိုသို့ ပင်စင်လစာငွေ လာရောက်ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး  အငြိမ်းစားဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်လာခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေကွာ၍ ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကို ဦးစားပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဘဏ်မန်နေဂျာ ဒေါ်လဲ့လဲ့နိုင်က ကြိုတင်မေတ္တာရပ်ခံပန်ကြားထားကြောင်း သိရသည်။

အေးအေးမော် (ပုလော)