မောင်တော မတ် ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာဗဟု သုတများ၊ အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြတ်စေရန်၊ အားကစားစိတ်ဓာတ် မြင့်မားလာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်ရေးရာ ဆိုင်ရာ အသိပညာဗဟုသုတ များအား အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန် အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ တွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောရာတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်း အုပ်ဆရာကြီး အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူး ဦးဇော်မင်းထွေးက အားကစား နှင့် စိတ်ဓာတ်မြင့်မားရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိ ဦးဦးစိုးလွင်က “အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ် ထက်သန်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပညာရေး မှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်ဝေသိန်းက “စိတ်ဓာတ်ကောင်းမွန် ရေးနှင့် စည်းကမ်းကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ခရိုင်အားကစားမှူးမှ ကျောင်းအုပ်ကြီးထံသို့ အားကစား ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)