သတင်းများ

ငါးသိုင်းချောင်းမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေး အသိပေးကြေညာခြင်းနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ယနေ့ နံနက်ပိုင်းက ဒေသခံပြည်သူများ မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမှ ကြိုတင်သတိပြုကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံ၊ လမ်းခွနေရာများတွင် အသံချဲ့စက်ယာဉ်ဖြင့် လှည့်လည်ကြေညာ ခြင်း၊ ငဝန်မြစ်ကမ်းတ‌စ်လျှောက်ရှိ ရပ်ကွက်များအတွင်းရှိ လမ်းပိုင်းများတွင် (Hand speaker)များ ဖြင့် လိုက်လံအသိပေး ကြေညာခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားသရုပ်ပြပွဲ ဆောင်ရွက်
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Comm unity Centre)ခန်းမ၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလေးမအားကစားနှင့် မြန်မာ့သိုင်းအားကစား သရုပ်ပြပွဲများကို ယမန်နေ့နေ့လယ်က ကျင်းပပြုလုပ်သည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်း အရှိန်အဟုန်မပျက် ဆောင်ရွက်
Mar 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြုမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် မကျီးရုံ ကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့မြန်မာ့စီပွားရေးဘဏ်တွင် ပင်စင်လစာငွေများစတင်ထုတ်ပေး
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လစာငွေများကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ငပုတောမြို့နယ်၌ သဘာဝဘေးကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင် ၃၅ ဦးဖြင့် ယမန်နေ့ ညနေပိုင်းမှစ၍ အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။
နမ့်စန်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအတွင်း မီးဘေးလုံခြုံရေး အကြိုကွင်းဆင်းစစ်ဆေး
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် ကာလအတွင်း မီးဘေးအန္တရာယ်များမဖြစ်ပွားဘဲ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီက  အမှတ်(၂)ရပ်ကွက်ရှိ အထက(နမ့်စန်)စာစစ်ဌာနအတွင်း မီးဘေးလုံခြုံရေး အကြိုကွင်းဆင်း စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော  ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် မြန်အောင်ပုံရိပ် ဂန္ထဝင်ကဗျာ ဖိတ်ခေါ်စာမူပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ကဗျာရွတ်ဆိုပွဲ အခမ်းအနားကျင်းပ
Mar 21,2022
မြန်အောင်မြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော  ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် မြန်အောင်ပုံရိပ် ဂန္ထဝင်ကဗျာ ဖိတ်ခေါ်စာမူပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ကဗျာရွတ်ဆိုပွဲအခမ်းအနားကို ယနေ့နံနက်က ရသအောင်မြေစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာ ဥပဒေပါအချက်အလက်များကို အသိပညာပေးဟောပြော
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်မိုးဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး မြို့မစျေးအတွင်း ဖွင့်လှစ်ရောင်းချနေသော မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာ ဥပဒေပါ အချက်အလက်များ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့မစျေးခေါင်းရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။