မြန်အောင် မတ် ၂၁
မြန်အောင်မြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် မြန်အောင်ပုံရိပ် ဂန္ထဝင်ကဗျာ ဖိတ်ခေါ်စာမူပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ကဗျာရွတ်ဆိုပွဲအခမ်းအနားကို ယနေ့နံနက်က ရသအောင်မြေစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးနေဝင်း (နေဝင်းဝင်း-လွန်ဆေး) က အဖွင့်အမှာစကား ပြောကြားပြီး မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းက မြန်အောင်မြို့နယ်စာရေးဆရာအသင်း စည်းလုံးညီညွတ်စွာဖြင့် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စာပေဖြင့်ဝိုင်းဝန်း ဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းအတွက် အလှူငွေ (၅၀၀၀၀)ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် မြန်အောင်ပုံရိပ် ဂန္ထဝင်ကဗျာ ဖိတ်ခေါ်စာမူပြိုင်ပွဲ ဆုရရှိသူများကို ဆုများပေး အပ်ချီးမြှင့်ခဲ့ကြပြီး မြန်အောင်ပုံရိပ် ဂန္ထဝင်ကဗျာများ၏ ဂန္ထဝင်ရသပိုင်း ဆိုင်ရာများကို စာရေးဆရာကြီး ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)က ဆွေးနွေး၍ မြန်အောင် မြို့နယ်စာရေးဆရာအသင်းဝင်များနှင့်စာပေဝါသနာရှင်များက ဆုရကဗျာများအပါအဝင် အဲချင်း၊ လေးချိုး၊ ရတုတို့ကို ရွတ်ဆိုခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဗိုလ် မြန်အောင်