ငပုတော မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင် ၃၅ ဦးဖြင့် ယမန်နေ့ ညနေပိုင်းမှစ၍ အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။
မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်သော မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး ကျရောက်ပါက အချိန်မီရှာဖွေကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်စေရန်အတွက် တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့်အပြင် သဘာဝဘေး ကျရောက်ပါကလည်း ရှာဖွေကယ်ဆယ်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းအောင်ထံမှ သိရသည်။
နုနုအေး(ပြန်/ဆက်)