မိုးမိတ်မြို့နယ်တွင် လူငယ်ဘက်စုံဖွံဖြိုးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုးမိတ် မတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်မိုးမိတ်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်းသား၊ကျောင်းသူ လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊  အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် ကျန်းမာကြံခိုင်စေရေး ရည်ရွယ်၍  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာန တို့က အသိညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်းက  ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖြင့် ပြည်စုံစေပြီး နောင်အနာဂတ်ရဲ့ နိုင်ငံသားကောင်း၊ သမီးကောင်းများစွာ ပေါ်ထွန်းစေရန်အတွက် မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြတ်ရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ရေး အကြောင်းနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ကျန်းမာရေးကဏ္ဏ၏ အရေးကြီးပုံနှင့် နွေရာသီ ကျောင်းပိတ်ရက်တွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည်ဖြစ်သဖြင့် မိမိတို့ဝါသနာပါရာ အလိုက် သင်တန်းများကို တက်ရောက်နိုင်ပါကြောင်း အသီးသီး ဟောပြောခဲ့ကြသည်။

အဆိုပါ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ  ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။  

စည်သူဌေး