တက္ကသိုလ်ဝင်တန်းစာမေးပွဲ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး အသိပေးကြေညာ

ပြည်ကြီးမဏ္ဍိုင်    မတ်     ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မတ်လ ၃၁ ရက်နေ့၌ ကျင်းပ မည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ  စိတ်အေးချမ်းသာ ဖြေဆိုနိုင်စေရေး အသိပေးကြေညာခြင်းကို ယမန်နေ့ညနေတွင် မီးသတ်ဦးစီးဌာနမှ တာဝန်ခံနှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ  အသိပညာပေးကြေညာချက်တွင် မတ်လ ၃၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို မည်ဖြစ်သည့်အတွက် ကျောင်သား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး အထူးဂရုပြု ဆောင်ရွက်ကြပါရန်နှင့် မော်တော်ဆိုင်ကယ်များတွင် အသံဆူညံစွာထွက်ရှိသည့် အိတ်ဇောများ၊ ပါဝါအိတ်စောများ တပ်ဆင်အသုံးပြုခြင်း မပြုကြပါရန်၊ အသံဆူညံစွာထွက်ရှိသောအိတ်စောများ၊ ပါဝါအိတ်ဇောများကို တပ်ဆင်အသုံးပြုသည်ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းတို့ ပါဝင်ကြောင်း သိရသည်။

ကေခိုင်ဝင်း (ပြန်/ဆက်)