တနိုင်း မတ် ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ များအား ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်ကြသော မူလတန်း အဆင့်ကျောင်းသား၊ ကျောင်းသူ များအား တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဝါဦးက ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတနှင့် ဉာဏ်ရည် ဉာဏ်သွေး များ ထက်မြက်လာစေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ဆက်လက်ကျင်းပပေးရာ နှစ်ယောက်တစ်တွဲ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
ဝါဝါ(ပြန်/ဆက်)