ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့မြို့အဝင်အထွက်ဂိတ်များတွင်စစ်ဆေးထိုးနှံ

ညောင်ဦး မတ် ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဌာနဆိုင်ရာများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၆နာရီခွဲအချိန်က စတင် ပြီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်ကာကွယ်ဆေးအား ထိုးနှံပြီး/ မပြီးနှင့်ဆေးထိုးပြီးကြောင်း သက်သေ ခံလက်မှတ်များ ရှိ/မရှိတို့ကိုစစ်ဆေး ဆောင်ရွက်လျက် ရှိကြရာ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအားမြို့အဝင်အ ထွက်ဂိတ်တွင် ချက်ခြင်းထိုးနှံဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဌာနဆိုင် ရာများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ကာ ကွယ်ဆေးထိုးနှံရာ၌ မကျန်ရှိစေရေး မြို့နယ်အတွင်းရှိပြည်သူများကို စည်းရုံးပြီး ကာကွယ် ဆေးရာနှုန်းပြည့်ထိုးနှံ နိုင်ရေးစစ်ဆေးကြီးကြပ်ထိုးနှံပေးလျက်ရှိကြောင်းသိရကာ ညောင်ဦး လေဆိပ် လမ်းဆုံ၊ ညောင်ဦး-ချောက်သွား ကားလမ်းလောကနန္ဒာဥယျာဉ်ဂိတ်၊ ညောင်ဦး-မြင်းခြံ လက်ပံခြေပေါ်ဂိတ်၊ မဏိစည်သူဈေးနှင့် ဘုဉ်းစဉ်အခွန်လွတ်ဈေးနေရာများတွင် Mobile ပူးပေါင်းအဖွဲ့က စစ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကိုထိန်၊KPD