ပုသိမ်မြို့ ရွှေမုဋ္ဌောဘုရားကြီးရင်ပြင်တော်နှင့် ပြည်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပုသိမ် မတ် ၂၅

ပုသိမ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့သော်လည်း အမှိုက်များ၊ သစ်ရွက်သစ်ခက်များကြောင့် ဘုရားစေတီနှင့် အဆောက်အဦများအတွင်း စုပေါင်းသန့်ရှင်းရေးများ ကို ယမန်နေ့ နံနနက် ၇  နာရီမှ ၁၀ နာရီအထိ ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီ တော်မြတ်ကြီးရင်ပြင်တော်နှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့များ စုစုပေါင်းအင်အား ၂၄၃ ဦးဖြင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုနှင့် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ က ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)