သတင်းများ

ရေးမြို့နယ်တွင် (၇၇) နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် ​ပြိုင်ပွဲများကျင်းပ
Mar 24,2022
မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊ ​ရေးမြို့နယ်၌ မတ်လ ၂၇ ရက်​နေ့တွင် ကျ​ရောက်မည့် (၇၇)နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် ​ဆေး​ရောင်ခြယ်၊ ကဗျာရွတ်ဆိုနှင့် ပုံ​ပြောပြိုင်ပွဲများကို ယ​နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး
Mar 24,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားကြသည့် ကျောင်းသား/သူများသို့ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးခြင်းကို ယနေ့မှစ၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး
Mar 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၁၀) နာရီမှ မွန်းလွဲ(၁)နာရီအချိန်အထိ စာမေးပွဲဖြေဆိုခွင့်ကတ်များကို သက်ဆိုင်ရာစာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိသည်။
နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Mar 24,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်က နမ္မတူမြို့နယ်၊ မြို့မဈေးအနီး ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်များ ထုတ်‌‌ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက စတင်၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိသည်။
ဘီးလင်းမြို့နယ်၌ အခြေခံပညာ ဆရာ၊ ဆရာများအား ကျောင်းကျန်းမာရေး ပညာပေးခြင်းဆိုင်ရာ အဆင့်မြှင့် သင်တန်းဖွင့်လှစ်
Mar 24,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများအား ကျောင်းကျန်းမာရေး ပညာပေးခြင်းဆိုင်ရာ အဆင့်မြှင့် သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အထက (ကန်သာယာ)ကျောင်း၌ ကျင်းပပြုလုပ်သည်။
လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲသံတွဲ၌ကျင်းပ
Mar 24,2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့်လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်ရှိ အ-ထ-က(ခွဲ) ငကျော်တောင်ကျောင်း၌ ကျင်းပ ပြုလုပ်သည်။
ဖျာပုံမြို့နယ်တွင် အခြေခံလူဉီးရေစာရင်း ပြည့်စုံမှန်ကန်စေရေး လူဦးရေစာရင်း ပြုစု နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေး
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အခြေခံလူဉီးရေစာရင်း ပြည့်စုံမှန်ကန်စေရေး လူဦးရေစာရင်း ပြုစုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မတ်လ. ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။