တွန်းဇံ မတ် ၂၁
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က တွန်းဇံစာစစ်ဌာနနှင့် အ.ထ.က ကျီခါးစာစစ်ဌာနတို့တွင် ကျောင်းသား၊ ကျောင်းသူ ၄၃၇ ဦးက ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားကြောင်း သိရသည်။
တွန်းဇံ အ.ထ.ကစာစစ်ဌာန၌ ကျောင်းသားကျောင်းသူ ၂၂၉ ဦးနှင့် အ.ထ.က ကျီခါးစာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ ၂၀၈ ဦး၊ စုစုပေါင်း ၄၃၇ ဦးက စာရင်း သွင်းထားသောကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တွန်းဇံမြို့နယ်အတွင်း စာစစ်ဌာန နှစ်ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ၄၃၇ ဦး ဝင်ရောက် ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)