လေးမျက်နှာမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ(အခမဲ့)ဖြန့်ဝေ

လေးမျက်နှာ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးနှင့် ဝန်ထမ်းများက ၂၀၂၂ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက လမ်းဆုံနေရာများ၊ စျေးများနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ပြီး (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၉၇၄)ခုနှစ် ဇွန်လဆန်း၌ ဗမာ့နိုင်ငံလုံး ဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၂၇-၃-၂၀၂၁) ရက် (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ "ကာကွယ် စောင့်ရှောက်သွားမည်သာ” ဆောင်းပါး၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်"၊ "အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ"၊ "တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်" ဆောင်ပုဒ်များနှင့် (၂၇-၃-၂၀၂၁)ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာမှ စိုးမိုး(ပုသိမ်)ရေးသားသော "နွေအလှ"ကဗျာ စသည့်အချက်များ ပါဝင် ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ စောင်ရေ (၁၀၀၀၀၀) ပုံနှိပ်ထုတ်ဝေပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ခရိုင်များနှင့် မြို့နယ်၊ မြို့နယ်ခွဲ ရုံးများသို့ပေးပို့ကာ ပြည်သူများလက်ဝယ်အရောက် (အခမဲ့) ဆက်လက်ဖြန့်ဝေပေးကြ ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)