ဝေါမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း မီးလောင်မှု မီးလန့်မှု မဖြစ်ပွားစေရေး ကွင်းဆင်းစစ်ဆေး

ဝေါ မတ် ၂၅

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကျင်းပပြုလုပ် မည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်အတွင်း မီးလောင်မှု မီးလန့်မှုမဖြစ်ပွားရေးအတွက် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ စာစစ်ဌာနများအား ယနေ့၊ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝေါမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်း(ဝေါ)၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ခါးရှည်)နှင့် အခြေခံပညာအထက်တန်းကျောင်း(မြစ်ကျိုး) စာစစ်ဌာနများသို့ မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များက စာသင်ကျောင်းများ၏ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးတို့ကို စစ်ဆေးခြင်းနှင့် အကြံပြုခြင်းတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)