နတ်မောက် မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးရေး တောင်သူများ နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ ကြိုတင်စုဆောင်းလျက်ရှိသည်။
တစ်နိုင်ငံလုံး ဆီဖူလုံစေရန် နေကြာမျိုးစေ့များ ကြိုတင်စုဆောင်းနိုင်ရေးအတွက် မြို့နယ် ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး နေကြာမျိုးစေ့များ ကြိုတင်စုဆောင်း ထားကြောင်း သိရသည်။
ထိုသို့ စုဆောင်းထားသော နေကြာမျိုးစေ့များကို ၂၀၂၂-၂၀၂၃ မိုးရာသီတွင် တောင်သူများအား အခမဲ့ဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
သင်းသင်းမြတ်