သဲကုန်း မတ် ၂၅
၂၀၂၂ ခုနှစ်၊မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိုသတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့တွင် ပြည်သူ့စာကြည့်တိုက်စာဖတ်စာငှားသူများနှင့် ဌာနဆိုင်ရာများ၊ တပ်ဖွဲ့ဝင်များ၊ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာ ကောင်း(၁၂)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်ကောက်နုတ်ချက်များ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှုးကြီး မဟာသရေစည်သူမင်းအောင်လှိုင်၏ (၇၆) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ဆောင်းပါးနှင့် ကဗျာများစသည့်တို့ပါဝင်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်