ကျောက်ဖြူမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း

ကျောက်ဖြူ  မတ်   ၂၆

၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆို သောအားဖြင့် ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျောက်ဖြူ ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့  ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက  သွေးလှူဒါန်းမည်တပ်ဖွဲ့ဝင်များအား  သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ သွေးအမျိုးအစားခွဲခြင်းတို့ကို ဆောင်ရွက်ပြီး  ရဲတပ်ဖွဲ့ဝင်အမျိုးသား (၁၀) ဦး၊ အမျိုးသမီး(၅)ဦး၊ စုစုပေါင်းတပ်ဖွဲ့ဝင် (၁၅) ဦးတို့က စုပေါင်းသွေးများ လှူဒါန်းခဲ့ကြရာ ကျောက်ဖြူခရိုင ်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး နေထွန်းလင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက သွေးလှူဒါန်းသည့်  ရဲတပ်ဖွဲ့ဝင်များအား ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား အာဟာရ ဖြည့်စွက် စာများ၊ ကြက်ဥများနှင့် အချိုရည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

တင်ထွန်းဦး၊ ဖြို့ဝေလင်း (ပြန်/ဆက်)