မော်လမြိုင်၌ ငါးမွေးမြူသူ လုပ်ငန်းရှင်များအား RAqP ကျင့်စဉ်နှင့်အညီ မွေးမြူနိုင်ရေး ပညာပေးဟောပြော

မော်လမြိုင် မတ် ၂၆

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်   မြေနီကုန်းရပ်ကွက်ရှိ ငါးမွေးမြူရေး လုပ်ငန်းရှင်များ အားRAqP (ကောင်းမွန်သော ရေသတ္တဝါကျင့်စဉ်နှင့်အညီ) မွေးမြူနိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က ဦးနူဒင်၏ ငါးကန်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့မှ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်နှင့် ပတ်သက်သည့် အချက်အလက်များ ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ လယ်ယာမြေ မြေလွတ်၊ မြေရိုင်း အခြားသုံးစွဲခွင့် လျောက်ထားရာတွင် ပါဝင်ရမည့် အချက်များကို အသီးသီး ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူ ငါးမွေးမြူရေး လုပ်ကိုင်ဆောင်ရွက်သူ(၂၃)ဦးအား ငါးမွေးမြူရေး ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)