သတင်းများ

ကသာမြို့၌ သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Mar 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၂)သင်တန်းတက်ရောက်နေသော သင်တန်းသူများအား သတင်းအမှားအမှန်ခွဲခြား သုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်များအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ကသာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းခရိုင်တွင် “လူငယ်နှင့်လုပ်ငန်းခွင်ပြဿနာ” ခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်
Mar 26,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ”လူငယ်နှင့်လုပ်ငန်းခွင်ဿနာ” ခေါင်းစဉ် ဖြင့် Talk Show ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း လတ်တလော နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ပေးနိုင်ရေး အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်
Mar 26,2022
ကချင်ပြည်နယ်အတွင်း လတ်တလော နယ်မြေလုံခြုံရေးအခြေအနေအရ ပူတာအိုမြို့နယ် အတွင်းရှိ ကျေးရွာများအပါအဝင် ပြည်နယ်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ပြည်သူများ အား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာ၊ NGO ၊ INGO များ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဝေးလံခက်ခဲသော ဒေသများအပါအဝင် ကျောင်းသား/သူများအားလုံး လွှမ်းခြုံထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 26,2022
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဝေးလံခက်ခဲသော ဒေသများအပါအဝင် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး လွှမ်းခြုံထိုးနှံမှု လုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို ယမန်နေ့နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပျက်စီးခဲ့ရသော မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
Mar 26,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာတွင် မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပျက်စီးခဲ့ရသော မီးဘေးသင့် ပြည်သူများအား လက်ဝယ်အရောက် ယနေ့နံနက်ပိုင်းက ထိုကျေးရွာသို့ ကွင်းဆင်းသွားရောက်၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအားလုံး ထိုးနှံစေရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
Mar 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပြည်သူများအားလုံး ထိုးနှံစေရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နေ့လယ်(၁)နာရီက ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့ မူလတန်းကြိုကျောင်း၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများ ဖယ်ရှားရေးနှင့် ပြည်လည်ကုစားရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကျင်းပ
Mar 26,2022
လွိုင်ကော်မြို့ မူလတန်းကြိုကျောင်း၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများ ဖယ်ရှားရေးနှင့် ပြည်လည်ကုစားရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကို မတ်လ (၂၆) ရက် နံနက် (၁၀)နာရီအချိန်တွင် လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Mar 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီတွင် မူလတန်းကျောင်းသား ကျောင်းသူလေးများအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပေးခဲ့ကြောင်း သိရသည်။