မင်းပြား မတ် ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့ ပြည်တော်လှရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၌ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် မင်းပြားမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက် ဒုတိယပညာရေးမှူး ဦးစိုးနိုင်မင်းက အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများအနေဖြင့် အနာဂတ်၌ လူကောင်းလူတော်များဖြစ်စေရန် စိတ်ဓာတ်နှင့်စည်းကမ်းကောင်းမွန်ရန်လိုအပ်ကြောင်း၊ မင်းပြား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက ကျောင်းသား လူငယ်များအတွက် အနာဂတ်ပန်းတိုင် ရည်မှန်းချက်သည် ပညာရေးဖြစ်ပြီးအသိ ပညာ၊ အတတ်ပညာ တတ်မြောက်ရန် လိုအပ်ကြောင်း ကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချတတ်ရန်၊ အတွေးအခေါ်ရင့်သန်ရန်နှင့် အမှားအမှန်ကို ခွဲခြားဝေဖန်နိုင်ရန် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြရန် အသိပညာပေးပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းရွှေက စိတ်ဓာတ်ကြံ့ခိုင်စေရန် အားကစားနှင့် ကိုယ်လက် လှုပ်ရှားကျန်းမာရေး လေ့ကျင့်ခန်းများကို မှန်မှန်လုပ်သင့်ပြီး ကျန်းမာရေး ကောင်းမှ မိမိရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိကာ ဗလငါးတန်နှင့် ပြည့်စုံမည်ဖြစ်ပြီး မျိုးချစ်ဓိတ်ဓာတ်သည် အဓိက အရေးကြီးကြောင်း၊ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြရမည် ဖြစ်ကြောင်းပြောကြား ခဲ့သည်။
အဆိုပါဟောပြောပွဲ၌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ အားကစားနှင့် ကာယပညာ ဦးစီးဌာနက အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မအေးလှထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းနုအောင်