ဟိုင်းကြီးကျွန်း မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအားလုံး ထိုးနှံစေရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နေ့လယ်(၁)နာရီက ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ထွန်းက လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွမ်းခြုံနိုင်မှု အခြေအနေများနှင့် ပြည်သူများ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ လာအောင်မည်သို့စည်းရုံးကြရမည်ကို တင်ပြဆွေးနွေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အခြေအနေများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့သန့်ရှင်းသာယာလှပရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို တင်ပြဆွေးနွေးကြ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)