နတ်မောက်မြို့တွင်းရှိ အောင်သုခလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ပြီးစီး
Mar 27,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများနှင့် တံတားများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘက်ဂျက်)တွင် တိုင်းဒေသကြီးအစိုးရထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော အောင်သုခလမ်း (မကွေးလမ်းနှင့် မြစည်းခုံ လမ်းကြား)ကွန်ကရစ်လမ်းခင်းခြင်း အရှည်(၄၇၉)ပေ အကျယ်(၁၆)ပေ အမြင့်(၈)လက်မလမ်းအား ခွင့်ပြုငွေကျပ် (၁၉.၁၄၀) သန်းဖြင့် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။