စဉ့်ကူး မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာတွင် မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပျက်စီးခဲ့ရသော မီးဘေးသင့် ပြည်သူများအား လက်ဝယ်အရောက် ယနေ့နံနက်ပိုင်းက ထိုကျေးရွာသို့ ကွင်းဆင်းသွားရောက်၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများအား ပေးအပ်ရာတွင် စဉ့်ကူးမြို့နယ်ကြက်ခြေနီအသင်းခွဲယာယီဥက္ကဋ္ဌ၏ စီမံဆောင်ရွက်မှုဖြင့် စဉ့်ကူးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဒုမြို့နယ်တပ်ဖွဲ့မှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍နွယ်ရုံကျေးရွာမှ မီးဘေးသင့်၍ပျက်စီးခဲ့သော နေအိမ်(၃) အိမ်အတွက် တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း Hygiene Parcel (၁၁)မျိုးပါ(၁)ဖာ၊ Kitchen Set (၅)မျိုးပါ(၁)ဖာ၊ Dignity Kit (၁၁)မျိုးပါ (၁)အိတ်၊ မိုးကာ (၁)ချပ် ၊ စောင် (၁)ထည် ၊ ခြင်ထောင် (၁)လုံးစီတို့အား နွယ်ရုံကျေးရွာရှိ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)