ဘုရားသုံးဆူပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ဘုရားသုံးဆူ မတ် ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား သဘာဝပတ်ဝန်းကျင်နှင့် ပတ်သတ်သည့် အထွေထွေဗဟုသုတများရရှိ တိုးတက်လာ စေရေးအတွက် အသိပညာပေး၊ဆွေးနွေးပွဲ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အပတ်စဉ် ဆောင်ရွက်လျက် ရှိရာ  ယမန်နေ့  မွန်းလွဲ ၂ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး  Talk Show ဆွေးနွေးပွဲ ပြုလုပ် ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး  Talk Show ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ (တာဝန်ခံ) ဓါတ်ပုံကျွမ်းကျင်-၂ ဦးအောင်သူဟိန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရေးကြီးပုံ Talk Show ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားပြီး   ပညာရေးဌာန ဆရာမ ဒေါ်သန်းသန်းစိုးမှ သဘာဝရဲ့စွမ်းအင်အရင်းအမြစ်တွေဖြစ်တဲ့ ရေ၊ မြေ၊ လေ အ‌ရေးကြီး ကြောင်း၊ ပထဝီအနေအထားကြောင့် သဘာဝပြောင်းလဲမှုက လူတွေကိုသက်ရောက်မှု အများအပြား ရှိကြောင်း၊ လူမှုပတ်ဝန်းကျင်ရှိ ပထဝီအနေအထားကြောင့် ရာသီဥတုကို ခန့်မှန်းနိုင်ကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးမှုကလည်း သဘာဝပတ်ဝန်းကျင်အပေါ် ဆက်စပ်သက်ရောက်မှုကို သိထားအောင် လေ့လာထားသင့်ကြောင်း စသည့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သတ်သည်များကို ဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို Online လိုင်းမှတစ်ဆင့် မိဘပြည်သူ များအနေဖြင့် ကြည့်ရှုလေ့လာမှတ်သား သိရှိနိုင်စေရေးအတွက် Online  တင်ဆက်မှု အသိပညာ ပေးပွဲများကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘုရားသုံးဆူ (ပြန်/ဆက်)