(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်မီးလင်းရေး ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၁၀၀ ကေဗွီအေထရန်စဖာဖွင့်ပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း မတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ တင်းကုတ္တန်းကျေးရွာတွင် ကျေးလက်မီးလင်းရေး ၁၁ကေဗွီ ဓာတ်အား လိုင်း၀ဒဿမ၆မိုင်နှင့် ၁၀၀ကေဗွီအေထရန်စဖာ ဖွင့်ပွဲအခမ်းအနားက မတ်လ ၂၅ ရက်နေ့ ညနေပိုင်း(၅)နာရီအချိန်က အဆိုပါကျေးရွာ၌ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဇော်မင်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်မီးချွေတာသုံးစွဲရေး ပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးလက်မီးလင်းရေး ၁၁ကေဗွီဓာတ်အားလိုင်း ၀ဒဿမ၆မိုင်နှင့် ၁၀၀ကေဗွီအေ ထရန်စဖာ ဖွင့်လှစ်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့လျှပ်စစ်အင်ဂျင်နီယာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကျွဲပွဲမြို့၊ တင်းကုတ္တန်းကျေးလက်မီးလင်းရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၆လဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ၁၁ကေဗွီဓာတ်အားလိုင်း ၀ဒဿမ၆မိုင်နှင့် ၁၀၀ကေဗွီအေထရန်စဖာ ၁လုံးခွင့်ပြုပေးပြီး ကျေးရွာမှ ပြည်သူ ထည့်ဝင်ငွေ ဖြင့် ဗို့အား၄၀၀ဗို့တစ်မိုင်၊ ငွေကျပ်သိန်း၂၉၀ဖြင့် ကျေးလက်မီးလင်းရေး ကော်မတီမှ ဦးဆောင်၍ ကိုယ်ထူ ကိုယ်ထတည်ဆောက်ခဲ့ပြီး ယခုအခါကျေးရွာရှိအိမ်ခြေ(၁၇၂) အိမ်၊ လူဦးရေ (၉၇၆)ဦးရှိပြီး ကျေးရွာမီးလင်းရေးအတွက် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ လျှစ်စစ်မီးများ အဆင်ပြေချောမွေ့စွာ သုံးစွဲလျက်ရှိပါကြောင်း မြို့လျှပ်စစ်မှူးရုံးမှသိရသည်။

 ခင်ခင်မာ