ဖျာပုံခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား ကျောင်းသူ (၆၃၀၀)ကျော် ဖြေဆိုမည်

ဖျာပုံ မတ် ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များတွင် ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနမှပြုလုပ်မည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၆၃၂၇)ဦးဖြေဆိုရန် စာရင်းပေးသွင်း ထားကြောင်းသိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစတင်၍၊ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ဖျာပုံခရိုင်အနေဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန (၃၂) ခုထားရှိပြီး၊ခရိုင်အတွင်းရှိ စာဖြေမည့်သူဦးရေမှာ ဖျာပုံမြို့နယ်တွင်အတွဲ( ၁)၊(၁၃၉၇)ဦး၊အတွဲ(၂)၊(၅၁၃)ဦးနှင့် အတွဲ(၇)(၈၈)ဦး၊ စုစုပေါင်း(၁၉၉၈)ဦး၊ ကျိုက်လတ် မြို့နယ်တွင် အတွဲ(၁)(၆၁၅)ဦး၊ အတွဲ(၂)(၅၇၄)ဦးနှင့် အတွဲ(၇)(၉၅)ဦး၊ စုစုပေါင်း(၁၂၈၄) ဦး၊ ဒေးဒရဲမြို့နယ်တွင်အတွဲ(၁)(၆၂၃)ဦး၊အတွဲ(၂)(၃၃၀)ဦးနှင့်အတွဲ(၇)(၆၁)ဦး၊အတွဲ(၅)(၁)ဦး၊စုစုပေါင်း(၁၀၁၅)ဦး၊ဘိုကလေးမြို့နယ်တွင်အတွဲ(၁)(၁၁၁၅)ဦး၊အတွဲ(၂)(၈၁၁)ဦးနှင့်အတွဲ( ၇)( ၁၀၄)ဦး၊စုစုပေါင်း(၂၀၃၀)ဦး၊ဖျာပုံခရိုင်အတွင်း ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို မည့် ကျောင်းသား၊ ကျောင်းသူ(၆၃၂၇)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထား ကြောင်း ဖျာပုံခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းနိုင်