ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ငါန်းဇွန် မတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများ အားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန် နေ့နံနက်၉နာရီမှစ၍ မြို့မဇုံမှ (၆)ဦး၊ မြို့သာဇုံမှ (၈၂)ဦး၊ ငါန်းမြာဇုံမှ (၂၂)ဦး၊ ခြင်္သေ့လက်ဇုံမှ (၃၁)ဦး၊ သားကျင်ဇုံမှ (၁၈၇)ဦး၊ ဂျိုဇုံမှ (၇၇)ဦး၊ သံဘိုဇုံမှ(၂၀)ဦး၊ ရေလည်သောင်ဇုံမှ(-)ဦးနှင့် ကုလားရွာဇုံမှ(၈)ဦး ဇုံ(၉)ဇုံမှ စုစုပေါင်း (၄၃၃)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။                                                                                                                                                                          ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၄ရက်နေ့မှ ၂၅ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အမအသုတ် ပထမ အကြိမ် (၂၄၁၁၇)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။                          သက်နောင်ဦး(ငါန်းဇွန်)