သတင်းများ

ဘားအံခရိုင် ပြည်သူ့စာကြည့်တိုက်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဋ္ဌိ ပြိုင်ပွဲပြုလုပ်
Mar 27,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဋ္ဌိ ပြိုင်ပွဲ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဟင်္သာတမြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ် စာစောင် ပြပွဲနှင့် စာဖတ်ဝိုင်း ပြုလုပ်
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ် မတ် ၂၇ ရက်တွင်ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင် ပြန်/ဆက်ဦးစီးဌာနရုံး (Community Centre )ခန်းမတွင်ကျင်းပခဲ့​သည်။
မိုးနဲမြို့နယ်၌ ဆောင်းသီးနှံ  ခရမ်းချဉ်သီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Mar 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ဆောင်းသီးနှံ ခရမ်းချဉ်သီး စိုက်ခင်းများ နောင်ကျော့ရပ်ကွက်နေ ဦးအောင်ငွေ၏ ယာခင်းအတွင်း စိုက်ပျိုးထားရာ စိမ်းစိုလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်းသိရသည်။
(၇၇) နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြု ဂန့်ဂေါတွင် မြစ်သာခန်းမလမ်း ကတ္တရာထပ်ပိုးလွှာ လမ်းခင်းဖွင့်
Mar 27,2022
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ မြစ်သာခန်းမလမ်း ကတ္တရာထပ်ပိုးလွှာ လမ်းခင်းဖွင့်ပွဲကို ယမန်နေ့ နံနက်တွင် အဆိုပါ လမ်းထိပ်၌ ပြုလုပ်ရာ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကြင်ဆွေ တို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ဗန်းမော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Mar 27,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်  ဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာ ရရှိခြင်းဖြင့် ကိုယ်ပိုင်စီးပွားရေးနှင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများ ပေါ်ထွန်းလာစေရန် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဗန်းမော်မြို့ ‌ပေါက်ကုန်းရပ်ကွက်၊ ရှမ်းဝိုင်းရပ်ရှိ ကက်သလစ် အသင်းတော် စိန်ဂျွန်းဓမ္မာရုံ၌ သင်တန်း(၁ဝ)မျိုးဖြင့် စာတွေ့လက်တွေ့သင်ကြားပေး လျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့တွင် (Green City၊Clean  City၊ Smart City)ဖြစ်လာစေရန်မြို့နယ်ဌာန ဆိုင်ရာများ ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင် ကြံခင်းမြို့တွင် (Green City၊ Clean City ၊Smart City)ဖြစ်လာစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၇)နာရီခွဲအချိန်က  ကြံခင်း-မြန်အောင် ကားလမ်း ဘေးဝဲယာ မိုင်တိုင် (၄//ဝ)(၄/၃) တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Mar 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနကျောင်းများအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 27,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်း လူစည်ကားသည့်နေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။