ညောင်ဦး မတ် ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီး ကြောင်း သက်သေခံလက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၆ နာရီခွဲအချိန်က စတင်ပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်ကာကွယ်ဆေးအား ထိုးနှံပြီး/မပြီးနှင့် ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်များ ရှိ/မရှိတို့ကိုစစ်ဆေး ဆောင်ရွက်လျက်ရှိကြရာ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား မြို့အဝင်အထွက်ဂိတ်တွင် ချက်ခြင်းဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာ၌ မကျန်ရှိစေရေး မြို့နယ်အတွင်းရှိ ပြည်သူများကိုစည်းရုံးပြီး ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး စစ်ဆေးကြီးကြပ်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ကိုထိန်၊KPD