ကော့မှူးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား‌ ရွေ့လျားစနစ်ဖြင့် ထိုးနှံပေး

ကော့မှူး  မတ် ၂၈

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုး နှံပြီးများသည် ကူးစက်ခံရပါက အလွန်အမင်းဖျားနာခြင်းမှ အကာအကွယ်ပေးနိုင်သည့်အပြင် သေဆုံးမှုပါ လျော့နည်းစေသည့်အတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့်‌ ဈေးရောင်းဈေးဝယ်ပြည် သူများကို ရွေ့လျားစနစ်ဖြင့် မြို့မဈေး‌  ဈေးခေါင်းရုံးတွင် ယ‌နေ့နံနက်က ကိုဗစ်ကာကွယ်ဆေး   (Covid Shield)များ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီးနောက် ပုံမှန်အနေအထားရောက်မှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပြီး သူများကို မီနစ်၃၀ခန့်အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိသည်။

ကော့မှူးမြို့နယ်အတွင်း ရွေ့လျားစနစ်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင် သာယာရေးအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူရ