သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း YBS ယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲ​ပေးမည်

ရန်ကုန် မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ ကြီးကြပ်မှုအောက်ရှိ YBS ယာဉ်လိုင်းများအား သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း အများပြည်သူများ စိတ်​အေးချမ်းသာစွာ သွား​ရေးလာရေး အဆင်ပြေ ချောမွေ့ လွယ်ကူစေရန် အတွက် YBS ယာဉ်လိုင်များကို ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) မှ သိရသည်။

ထို့ပြင် သင်္ကြန်ကာလအတွင်း ခရီးသွားလုပ်သားပြည်သူများ အဆင်ပြေ​ချော​မွေ့စွာ သွားလာနိုင်‌ရေးအတွက် ပုံမှန်ထွက်ရှိသည့် ယာဉ်လိုင်းနှင့် ယာဉ်စီးရေအတိုင်း ပြေးဆွဲရန်နှင့် အခက်အခဲရှိပါက ယာဉ်လိုင်းတစ်လိုင်းရှိ ယာဉ်အင်အား၏ (၃) ပုံ (၁) ပုံထက် လျော့နည်းမှု မရှိစေဘဲ ပြေးဆွဲသွားရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစွာဖြင့် ပြေး‌ဆွဲရန်နှင့် ယာဉ်စီးခကို သတ်မှတ်ယာဉ်စီးခနှုန်းထက်ပို၍ မကောက်ခံရန် ယာဉ်လိုင်း

ကုမ္ပဏီများအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ အသိပေး အကြောင်းကြားထားကြောင်း သိရှိရသည်။

အောင်မြင့်