သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်
Mar 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က အမှတ်(၄)ရပ်ကွက် ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းဆုံနှင့် နန္ဒဝန်ဈေးတို့တွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးရန်ကျန်သူများအား ဆက်လက်ထိုးနှံ
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးပထမအကြိမ် ထိုးရန်ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၃) ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်သို့ စာအုပ်များလာရောက်လှူဒါန်း
Mar 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် အများပြည်သူစာ ပေဗဟုသုတ ဖတ်ရှုလေ့လာနိုင်ရန်အတွက် သုတ၊ ရသစာအုပ်များ လှူဒါန်းခြင်းကို ယနေ့နံနက်(၁၁:၀၀)နာရီအချိန်က အဆိုပါ ရည်ညွှန်း စာကြည့်တိုက်သို့ လာရောက်လှူဒါန်းကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် မိုးကြက်သွန်နီမျိုး ထောင်သူများလာပြီး ပျိုးပင်များပေါက်နှုန်းကောင်းနေ
Mar 29,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ မိုးကြက်သွန်စိုက်ပျိုးချိန် အဆင်သင့်စိုက်ပျိုးနိုင်ရန် ဇော်မွှားကြက်သွန်မျိုး(ပျိုး)ထောင်မှုများလာကြောင်း ညောင်ဦးမြို့နယ် မိုးကြက်သွန်စိုက်ပျိုးတောင်သူများထံက သိရသည်။
နတ်တလင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများအား မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် ကွင်းဆင်းစစ်ဆေး
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် မကြာမီကာလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် စာစစ်ဌာနများ သို့ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။
သိန္နီမြို့တွင် ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်
Mar 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် ကတ္တရာထပ်ပိုး လွှာခင်းခြင်းကို သိန္နီမြို့နယ် ဓါတ်တော်စေတီ ဆရာတော်ကြီးမှ ဦးဆောင်၍ စည်ပင်သာရေးဌာနနှင့် လမ်းကော်မတီတို့ ပူးပေါင်းပြီး ဓာတ်တော်စေတီသွားလမ်းနှင့် သဗ္ဗေညုစေတီသွားလမ်းတို့တွင် ပေ(၄၆၀၀) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
မိုင်းရယ်မြိို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစား သင်တန်း ဖွင့်လှစ်ပြီး အားကစားနည်း ၄ မျိုး သင်ကြားပေး
Mar 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ နမ့်ရယ်ခမ်းမ၌ ပြုလုပ်သည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ သာပေါင်းမြို့နယ် ပြည်သူ့စစ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့ပေးအပ်းသော ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများအား ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့မှ သာပေါင်းမြို့နယ် ပြည်သူ့ စစ်စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်တို့ကို တွေ့ဆုံထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး၊ မြဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။