သဲကုန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး
Apr 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်၊ တစ်မြို့နယ်လုံး အသက် ၁၈နှစ်အထက် ပြည်သူများအား ကာကွယ် ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုက်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက Mobile အစီအစဉ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး လျက်ရှိကြောင်း သိရသည်။