မြောင်းမြ ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယနေ့နံနက် (၉)နာရီမှစ၍ နေ့လယ် (၁၂)နာရီထိ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့သည်။
မြောင်းမြမြို့ရှိ စာဖြေဌာန (၁၁)နေရာ၌ ယနေ့ဘာသာရပ်ကို ဖြေဆိုရန်တင်သွင်းထားသူ ၁၄၈၇ ဦးတွင် ဖြေဆိုသူဦးရေ ၁၄၁၇ ဦး၊ ပျက်ကွက် ၇၀ ဦးရှိရာ ဖြေဆိုသည့်ရာခိုင်နှုန်း ၉၅.၂၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ယနေ့ဘာသာရပ် စာဖြေဌာန စုစုပေါင်း (၃၀) ရှိရာ၊ ဖြေဆိုရန် တင်သွင်းထားသူ ၂၈၅၀ ဦးတွင် ဖြေဆိုသူဦးရေ ၂၆၈၇ ဦး၊ ပျက်ကွက်ဦးရေ ၁၆၃ ဦးရှိရာ မြောင်းမြတစ်ခရိုင်လုံးအနေဖြင့် ဖြေဆိုသူရာခိုင်နှုန်း ၉၄.၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများအား ဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ Mask များ တပ်ဆင်လာစေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/ မမှန် စစ်ဆေးခြင်းများကို ဆရာ/ ဆရာမများက စနစ်တကျ ဆောင်ရွက်ခဲ့ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝန်းအတွင်းနှင့် အပြင်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ပညာရေးမှူးများ၊ ကြီးကြပ်ရေးဆရာ/ ဆရာမများက စနစ်တကျ ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိပြီးကြောင်း ရှိသည်။
ခင်ရူပါအေး