စိုက်ပျိုး​ရေး၊​ ​မွေးမြူ​ရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား​ရေး အသိပညာ​ပေး​ဆွေး​နွေးပွဲ ကျင်းပ

ပြည် ဧပြီ ၄

ပဲခူးတိုင်း​ဒေသကြီး (အ​နောက်ပိုင်း)၊  ပြည်မြို့နယ် ငါးရွာအုပ်စု ထန်း​ပေါက်​ကျေးရွာ အ​ခြေခံ မူလတန်း(လွန်)​ကျောင်း၌ ယ​နေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာ၊ ​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနနှင့် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနတို့ ပူး​ပေါင်း၍ ​ "စိုက်ပျိုး​ရေး၊​ ​မွေးမြူ​ရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား​ရေး" အသိပညာ​ပေး ​ဆွေး​နွေးပွဲကျင်းပခဲ့​ကြောင်း သိရသည်။ 

​အဆိုပါ ​ဆွေး​နွေးပွဲသို့ ​မြို့နယ်ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးနိုင်လင်းဦးနှင့် ဌာနဆိုင်ရာများ၊ ​ကျေးရွာသူ/သားများ တက်​ရောက်ခဲ့ကြပြီး   ဆွေး​နွေးပွဲတွင် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်း၀င်းက မတ်ပဲနှင့်​ နေကြာ သီးညှပ်စိုက်ပျိုးနည်းအ​ကြောင်း၊ ​မြို့နယ်​ကျေးလက်ဦးစီးဌာနမှ ​မြို့နယ်ဦးစီးမှူး ​ဒေါ်​ခိုင်ခင်မြ၀င်းက ကုန်ထုတ်လမ်း​ဖောက်လုပ်မှုနှင့် ​ကျေးရွာ​သောက်သုံး​ရေရရှိအ​ကြောင်း၊ မြို့နယ်​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးမှ ခိုင်းနွား​မွေးမြူ​ရေးအ​ကြောင်းတို့ကို အသီးသီး​ ဆွေး​နွေး​ဟော​ပြောခဲ့ကြ​ကြောင်း သိရသည်။ 

ထို့​နောက် ဆွေး​နွေးပွဲသို့ တက်​ရောက်လာ​သော ​ကျေးရွာသူ၊ ရွာသားများမှ သိလို​မေးမြန်း​ဆွေး​နွေးမှုများကို တာ၀န်ရှိသူများမှ အသီးသီးပြန်လည်​ဖြေကြားခဲ့​ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)