ကျောက်ဆည် ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်းစားသုံးဆီဖူလုံပိုလျှံစေရေး ဆီထွက်သီးနှံ မျိုးစုံ စိုက်ပျိုးလျက်ရှိရာ အရှေ့သပြေသာကျေးရွာတွင် သိပ္ပံနည်းကျစိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း၊ နှမ်းသီးနှံစိုက်ပျိုးရာတွင် စိုက်နည်းအမျိုးမျိုးဖြင့်စိုက်ပျိုးနိုင် သော်လည်း လေဝင်လေထွက်ကောင်းမွန်စေရန်နှင့် အပင်ဖြစ်ထွန်းမှုကောင်းမွန်စေရန်အတွက် သိပ္ပံ နည်းကျတန်းစိုက်စနစ်ဖြင့် စိုက်ပျိုးပါက ပို၍အောင်မြင် ဖြစ်ထွန်းကြောင်း၊ သိပ္ပံနည်းကျစိုက်ပျိုးခြင်းဖြင့် အပင်ထူပါကအလွယ်တကူသားခွဲနိုင်ခြင်း၊ ပေါင်းရှင်းရန်လွယ်ကူခြင်း၊ ရေကိုထိန်းညှိ၍ အသွင်း အထုတ်ပြုလုပ်နိုင်ခြင်းများကြောင့် ပိုမိုဖြစ်ထွန်းကြောင်း တောင်သူဦးမြင့်အောင်က ပြောပြသည်။
နွေနှမ်းစိုက်ခင်းများကို တိုက်နယ်(၃)မှ လက်ပန်ဇင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ ကျေးရွာအုပ်စုများတွင် (၁၆၀)ဧက၊ တိုက်နယ်(၄)မှ ညောင် ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာ အုပ်စု များတွင် (၅၅၂) ဧက၊ တိုက်နယ်(၅)မှ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ ကြက်မင်း တွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင်၊ ကျေးရွာအုပ်စုများတွင် (၁၀)ဧက၊ တိုက်နယ်(၆)မှ ရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီး ကျေးရွာ အုပ်စုများတွင် (၁၃၈၅) ဧက၊ တိုက်နယ်(၈)မှ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၁၈၀၀)ဧက၊ တိုက်နယ်(၉)မှ ရဲမအူ၊ စိုင်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုမျးတွင် (၁၂၂၀)ဧက၊ တိုက်နယ်(၁၀)မှ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တောတွင်၊ မြေစိုပယ် ကျေးရွာအုပ်စုများတွင် (၁၂၃၀) ဧက၊ တိုက်နယ်(၁၁)မှ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း ကျေးရွာ အုပ်စုများတွင် (၁၅၂၀)ဧက၊ တိုက်နယ်(၁၂)မှ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်း ကျေးရွာအုပ်စုများတွင် (၄၅၃)ဧက စုစုပေါင်း (၈၈၃၀)ဧက စိုက်ပျိုး ပြီး ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှသိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ နည်းပညာများ စနစ်တကျ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်