ဝါးခယ်မ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Mobile Team အဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက် နေပြည်သူများ၊ ကျေးရွာနေပြည်သူများတွင် အသက် ၁၈ ပြည့်ပြီသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြီးအစီးထိုး နှံနိုင်ရေးကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် ကျုံစိန်ကျေးရွာအုပ်စုအတွင်းရှိ ရဟန်းသံဃာများနှင့် ပြည်သူများအား တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစည်းရုံး ခေါ်ယူ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ဦးတစ်ယောက် မကျန်ထိုးနှံနိုင်ရေး အတွက်ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်းဆောင် ရွက်လျက် ရှိကြောင်းသိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)