ပိုင်ကျုံ ဧပြီလ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ စာဖြေဌာနအသီးသီးတွင် ယနေ့ နံနက်၉ နာရီအချိန်တွင် သက်ဆိုင်ရာ စာဖြေဌာနအသီးသီး၌ အဋ္ဌမနေ့အဖြစ် (သမိုင်း) ဘာသာရပ်ကို စိတ်အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့နယ်အတွင်း၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် စာဖြေဌာန(၂)ခုရှိပြီး အ.ထ.က-ပိုင်ကျုံ စာစစ်ဌာန၌ အဋ္ဌမနေ့အဖြစ် သမိုင်းဘာသာရပ်ကိုဖြေဆိုသူ ၁၈ ဦး နှင့် အ.ထ.က- ဒေါ်လန်းစာစစ်ဌာနတွင် ဖြေဆိုသူ ၂ ဦး ရှိကြောင်း၊ ပိုင်ကျုံမြို့အနေဖြင့် ကျောင်းသား ကျောင်းသူစုစုပေါင်းဖြေဆိုသူ ၂၀ ဦးရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ပိုင်ကျုံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများတို့မှ ဦးဆောင်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများတို့မှ ပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှုပေးလျက်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)