ဘုရားသုံးဆူမြို့၌ ရဟန်းသံဃာတော်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက် (၆၀)ထက် အသက်ကြီးဘိုးဘွားများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose  စတင်ထိုးနှံ

ဘုရားသုံးဆူ ဧပြီ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး ဖြစ်သည့် ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာများနှင့် အသက် (၆၀) အထက် အသက်ရွယ်လူကြီးများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်းကို ကျန်းမာရေး ဌာန၏ လမ်းညွှန်မှုနှင့်အညီ  ဘုရားသုံးဆူမြို့ မြို့တော်ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ စ၍ နေ့လယ် ၁၂ အချိန်ထိ စတင်ထိုးနှံပေးခဲ့ပြီး ယနေ့နံနက် ၉ နာရီအချိန်တွင် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose  ထိုးနှံခြင်းလုပ်ငန်းကို ကိုဗစ်-၁၉ ကာကွယ် ဆေး (၂) ကြိမ်တိတိ ထိုးနှံပြီးသည့် (၆) လပြည့် ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက် ၆၀ အထက်သက်ကြီးဘိုးဘွားများ ကာကွယ်ဆေး လာရောက်ထိုးနှံမှု အဆင်ပြေစေရန်အတွက် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း ၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကာ ကျန်းမာရေးဝန်ထမ်းများက ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများ စတင်ထိုးနှံပေး လျက်ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose  ထိုးနှံခြင်းတွင်  ၂၀၀၀ ဦးစာ ဦးရေရှိပြီး ယမန်နေ့ ဧပြီလ  ၇ ရက်နေ့တွင်  လူဦးရေ (၅၀၀) ဦးအား ထိုးနှံပေးပြီးဖြစ်ရာ ဆေးထိုးရန် ကျန်ရှိနေသောသူများအား ယနေ့ နံနက် ၉ နာရီမှစ၍ နေ့လယ် ၁၂ နာရီထိ ကာကွယ်ဆေး ထိုးနှံမှုများ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)