ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ဝါးခယ်မ  ဧပြီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေး Talk Show ကိုယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show တွင် ဝါးခယ်မမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတိုးနိုင်ဦးနှင့်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးလွမ်းသီဟတို့က ဝါးခယ်မမြို့နယ်အနေဖြင့် မီးဘေးအန္တရာယ်ဖြစ်ပွားမှု လျော့နည်းစေရေး ကြိုတင် ဆောင်ရွက်ထားရှိမှုများ၊ မီးဘေးအန္တရာယ် ဖြစ်ပွားနိုင်မှုအခြေအနေများ ဆောင်ရွက်ရမည့်အချက်များ၊ မီးဘေး အန္တရာယ်ကြုံတွေ့သည့်အခါ ရင်ဆိုင်‌ဖြေရှင်းသင့်သည့်ပြဿနာများနှင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး အတွက် ပြည်သူများအနေဖြင့် လုပ်ဆောင်သင့်သည့် အချက်များတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)