ဝမ်းတွင်း ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိစက်သုံးဆီဆိုင်များတွင် မီးဘေးလုံခြုံ ရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးသုံးစွဲနည်းများ လက်တွေ့သရုပ်ပြသခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦး စီးမှူးရုံးမှသိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးထွန်းဦးဆောင်၍ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ စက်ရုံ၊ အလုပ်ရုံများ၊ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်သောနေ့ရက်များအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းကနေ စက်သုံးဆီအရောင်းဆိုင် (လိပ်တက်)နှင့် တောသားကြီးစက်သုံးဆီ အရောင်းဆိုင်(သဲတော)တို့တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့်အချက်များ ဆွေးနွေးရှင်းလင်း ခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများကို ဟောပြောခဲ့ကြောင်းသိရသည်။ ထို့နောက် ဒုတိယမီးသတ်ဦးစီးမှူး ဦးစည်သူငွေစိုးမှ မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် မီးငြိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသခဲ့ပြီး အရောင်းဝန်ထမ်းများက လက်တွေ့မီးငြိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးသုံးစွဲနည်းများ လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းဦးဆောင်၍ ဒုတိယမီးသတ်ဦးစီးမှူး ဦးစည်သူငွေစိုးနှင့် မီးသတ် တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)