သတင်းများ

ပြည်မြို့တွင် ၁၃၈၃နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော်နှင့်  လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ
Apr 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ၁၃၈၃ နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်‌ ရေသဘင်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကမ်းနားလမ်း ဗဟိုမဏ္ဍပ်အနီး မုခ်ဦးရှေ့၌ ကျင်းပရာ ဒေသကွပ်ကဲမှုစစ် ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်(၂) ဦးဌေးဝင်းတို့က မဟာသင်္ကြန် ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဘောဂလိမြို့တွင်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Apr 13,2022
ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ဘောဂလိမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ပြည်သူများ  အသိပညာဗဟုသုတရရှိစေရန်နှင့်   ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့ပြည်သူ့ စာကြည့်တိုက်  Community Centre ခန်းမတွင်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဟာသင်္ကြန်အကြိုကာလ ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကား
Apr 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ နှစ်သစ်ကူး ရုံးပိတ်ရက် မဟာသင်္ကြန်အကြိုကာလတွင် အပမ်းဖြေလာရောက်သူများဖြင့် စည်ကားလျက်ရှိ ကြောင်းသိရသည်။
ကျောက်ဖြူမြို့တွင် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲအား ရိုးရာအစဉ် အလာမပျက်ကျင်းပ
Apr 13,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၆ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ရိုးရာအစဉ်အလာမပျက် ကျင်းပပြုလုပ်သည်။
ပြည်မြို့ ကမ်းနားလမ်း ဗဟို‌မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲ‌တော် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ဆောင်ရွက်မှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Apr 13,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို ကမ်းနားလမ်းနှင့် ယခင်ညဈေးတန်းလမ်းဆုံနေရာ၌ မဟာသင်္ကြန်ဗဟို‌မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက် မြိုက်စွာကျင်းပမည်ဖြစ်ရာ ယမန်နေ့ ညနေပိုင်းက အဆိုပါမဏ္ဍပ်၌ ဖျော်ဖြေတင်ဆက်မည့် ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာယိမ်းအဖွဲ့များ၏ အစမ်းလေ့ကျင့်မှုများနှင့် ဖွင့်ပွဲအခမ်း အနား အစီအစဉ်ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်မှုများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများအဖွဲ့က ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များကို လိုအပ်ချက်များ ဆောင်ရွက်ရန်  မှာကြားခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့တော်သူမြို့တော်သားများ ပျော်ရွှင်စွာ ဆင်နွှဲ
Apr 13,2022
၁၃၈၃ ခုနှစ်သို့ ကူးပြောင်းသည့်အခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရာ ယနေ့သည်မြန့်မာ့ရိုးရာ မဟာသင်္ကြန်အကြို့နေဖြစ်ပြီး ရေကြည်မြို့တော်သူ မြို့တော်သားများက အတာရေပက်ဖျန်း ကစားကြသူများ၊ ကုသိုလ်ပြုကြသူများနှင့် စည်ကားလျက်ရှိသည်။
သရက်မြို့၌ သင်္ကြန်အကြိုနေ့ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား
Apr 13,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သင်္ကြန်အကြိုနေ့ ကောင်းမှုကုသိုလ်ပြသူများဖြင့် စည်ကား လျက်ရှိရာ ကျောင်းတိုက်အသီးသီးမှ ဒုလ္လပတ်ဆရာတော် သံဃာတော်များအား နေဆွမ်းများ ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီက ရပ်ကွက်များတွင် ဒုလ္လပတ်ဆရာတော်များမှ  တန်းဆွမ်းများ ကြွရောက်ရာ အလှူရှင်စေတနာရှင်များမှ လောင်းလှူပေးလျက်ရှိကြသည်။
သန်လျင်မြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဏပ်ဖွင့်လှစ်
Apr 13,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဏပ်ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီတွင် သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့ရှိ ရေကစားမဏ္ဏပ်၌ ကျင်းပသည်။