ဘောဂလိမြို့တွင်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဘောဂလိ ဧပြီ ၁၃

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ဘောဂလိမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ပြည်သူများ  အသိပညာဗဟုသုတရရှိစေရန်နှင့်   ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့ပြည်သူ့ စာကြည့်တိုက်  Community Centre ခန်းမတွင်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  ဟောပြောပွဲတွင်   သစ်တောသစ်ပင်များ  ဖြစ်ထွန်းစေခြင်းဖြင့်  ကျေးငှက်တိရစ္ဆာန်များ ထိန်းသိမ်းပေးခြင်း၊ ကျေးရွာ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအားဖြင့် ဆင့်ပွားရရှိ လာမည့် အကျိုးကျေးဇူးများအား  ရရှိခံစားနိုင်ခြင်း၊ ကျေးရွာပတ်ဝန်းကျင်တခွင် စိန်းလန်း စိုပြည်၍  အရိပ်အာဝါသ  ရရှိစေခြင်း၊ ရအစိုဓါတ်ရရှိစေခြင်း၊ ထို့ကြောင့်  စိုက်ပျိုးပြီး သစ်ပင်များ လည်းရှင်သန်စေရေး  ရေလောင်းပေါင်းသင် ပုံမှန်ပြုလုပ်ပေးရန်လိုအပ်ခြင်း  အစရှိသည့်  အသိပညာပေး အကြောင်းအရာများ  ပါဝင်ကြောင်း  သိရှိရသည်။ 

ကြည်ကြည်ခိုင်(ဘောဂလိ)